နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဆောင်းရာသီ ဈေးကွက် အတွင်း ဥရောပ ထိပ်တန်း ကလပ်တွေထဲမှာ ငွေအများဆုံး သုံးခဲ့တဲ့ မန်စီးတီး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီး ကတော့ ပိတ်သိမ်းသွားခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ ငွေသုံးအကြမ်းဆုံး အသင်း ဖြစ်ခဲ့ပြီး စုစုပေါင်း ပေါင်သန်း ၁၈၀ ဝန်းကျင် သုံးစွဲခဲ့ပါတယ်။ ဒါဟာ ပရီးမီးယားလိဂ် ပြိုင်ဘက် ၁၉ သင်းစလုံး အသုံးပြုခဲ့တဲ့ ပေါင် သန်း ၁၉၀ ကိုလိုက်မီရန် အနည်းငယ်သာ လိုခဲ့တာလည်း ဖြစ်ပါတယ်။

ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ ၂၀၂၅ ခုနှစ် အတွက် ဆောင်းရာသီ အပြောင်းအရွှေ့ စျေးကွက်တွေ ကတော့ ပိတ်သိမ်းသွားခဲ့ပြီ ဖြစ်ပြီး မန်စီးတီးက ငွေသုံးစွဲမှု အများဆုံး အသင်း အဖြစ် ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးဟာ လက်ရှိ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ကစားသမား ၆ ဦး အထိ ခေါ်ယူခဲ့ပြီး စျေးကွက် နောက်ဆုံး နေ့မှာတော့ ပေါ်တိုက စပိန် ကွင်းလယ်လူ နီကို ဂွန်ဇာလက်ဇ်ကို ပေါင် သန်း ၅၀ နဲ့ ခေါ်ယူပြီး ပိတ်သိမ်းခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီး ဖရန့်ဖတ် အသင်းရဲ့ အီဂျစ် တိုက်စစ်မှူး အိုမာ မာမွတ်ရှ်ကို ပေါင် ၅၉.၁ သန်း၊ လန်းစ်က ဥဇဘက်ကစ္စတန် ဗဟိုခံစစ်မှူးလေး အက်ဘ်ဒူကိုဒီရာ ကူဆာနော့ဗ်ကို ပေါင် ၃၃.၆ သန်း၊ ပါလ်မီးရက်စ်က ဘရာဇီးလ် နောက်ခံလူ ဗစ်တာ ရိစ်ကို ပေါင် ၂၉.၆ သန်း၊ ဗယ်လာဒိုးလစ်က ဆီရီရာ လီယွန် နောက်ခံလူ ဂျူမား ဘာ့ရ်ကို ပေါင် ၅.၁ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ စီးတီးဘောလုံး အုပ်စုပိုင် အသင်း တစ်သင်း ဖြစ်တဲ့ နယူးယောက်စီးတီး အသင်းရဲ့ လူငယ် ဘယ်နောက်ခံလူ မက်ဖာလိန်း ကိုလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပါသေးတယ်။

ပရီးမီးယားလိဂ်ရဲ့ ဇန်နဝါရီ အသုံးစရိတ် စုစုပေါင်း ကတော့ ပေါင် သန်း ၃၇၀ ဝန်းကျင် ရှိခဲ့ပြီးတော့ ပြီးခဲ့တဲ့ ရာသီကထက် များစွာ ပိုများခဲ့တာလည်း ဖြစ်ပါတယ်။
ဆောင်းရာသီ ဈေးကွက်မှာ အခြားသော လိဂ်တွေထက် ငွေပိုသုံးခဲ့တဲ့ ပရီးမီးယားလိဂ်

ဒါကြောင့် မန်စီးတီးရဲ့ လက်ရှိ အပြောင်းအရွှေ့ ကာလ အသုံးစရိတ်ဟာ ၂၀၂၃ ခုနှစ်က စံချိန်တင်ထားတဲ့ ချဲလ်ဆီးရဲ့ ပေါင် ၂၇၄ သန်းပြီးရင် သမိုင်းတလျှောက် ဆောင်းရာသီ စျေးကွက်မှာ ဒုတိယမြောက် ငွေသုံး အများဆုံးလည်း ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် မန်စီးတီးက အသင်း သမိုင်းမှာ ၂၀၁၇ ခုနှစ် နွေရာသီ အပြောင်းအရွှေ့ကာလက ဝေါလ်ကာ၊ မန်ဒီ၊ ဘာနာဒို ဆေးလ်ဗား၊ အီဒါဆန်၊ ဒန်နီလိုနဲ့ ဒေါက်ဂလပ်စ် လူးဝစ်ဇ်ကို ပေါင် ၂၂၅ သန်း အသုံးပြုကာ ခေါ်ယူခဲ့ပြီးနောက် အပြောင်းအရွှေ့ စျေးကွက် တစ်ခု အတွင်း ဒုတိယမြောက် ငွေအများဆုံး သုံးစွဲခဲ့တာလည်း ဖြစ်ပါတယ်။ 

ပရီးမီးယားလိဂ်ရဲ့ ဇန်နဝါရီ အသုံးစရိတ် စုစုပေါင်း ကတော့ ပေါင် သန်း ၃၇၀ ဝန်းကျင် ရှိခဲ့ပြီးတော့ ပြီးခဲ့တဲ့ ရာသီကထက် များစွာ ပိုများခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၂၀၂၃ ခုနှစ်က စံချိန်တင်ခဲ့တဲ့ ပေါင် ၈၁၅ သန်းထက်တော့ များစွာ လျော့နည်းခဲ့ပါတယ်။ လာလီဂါ ကတော့ ထိပ်တန်း လိဂ်တွေထဲမှာ ငွေသုံး အနည်းဆုံး ဖြစ်ခဲ့ပြီး ပေါင် သန်း ၂၀ ကျော်သာ ရှိခဲ့တာ ဖြစ်ပါတယ်။

စာရင်းတွေ အရ ဆိုရင်တော့ လက်ရှိ ဆောင်းရာသီဈေးကွက် အတွင်း မန်စီးတီး ပြီးရင် ငွေ အများဆုံး သုံးစွဲခဲ့တာက အဲလ်နာဆာ ဖြစ်ပေမယ့် ၆၄.၄ သန်းသာ ရှိခဲ့ပါတယ်။ အဲဒီနောက် ရန်းစ်က ၆၀.၆ သန်း၊ ပီအက်စ်ဂျီက ၅၉.၁ သန်း၊ အဲလ်အာလီက ၄၉.၁ သန်း၊ လိုက်ပ်ဇစ်က ၄၅.၆ သန်း၊ ဝုဗ်က ၄၁.၇ သန်း၊ ဘရိုက်တန်က ၄၀.၆ သန်း၊ ကိုမိုက ၄၀.၈ သန်း၊ အေစီမီလန်က ၄၀.၂ သန်း သုံးစွဲခဲ့ကြပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်