လာလီဂါ ထိပ်သီး ကလပ် ဘာစီလိုနာ ကတော့ အသင်းရဲ့ စပိန်ကွင်းလယ် ကြယ်ပွင့် ပီဒရီကို လာမယ့် ၂၀၃၀ ခုနှစ် အထိ သက်တမ်းတိုး စာချုပ် ချုပ်လိုက်ပြီ ဖြစ်ပါတယ်။ ဘာစီလိုနာ ကတော့ ထိပ်တန်း ကလပ် အများအပြားရဲ့ ပစ်မှတ် ဖြစ်နေတဲ့ သူတို့ရဲ့ ကစားသမားကို အလွယ်တကူ လက်လွှတ်လိုခြင်း မရှိတာကြောင့် အခုလိုပဲ ကာလရှည် စာချုပ်သစ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၂ နှစ် အရွယ် ပီဒရီ ကတော့ ၂၀၂၀ ခုနှစ်မှာ လက်စ်ပါးလ်မက်စ် ကနေ ဘာစီလိုနာကို ယူရို ၅ သန်းနဲ့ ရောက်ရှိလာခဲ့သူ ဖြစ်ပြီးတော့ ၂၀၂၁ ခုနှစ် မှာတော့ ဘာစီလိုနာက ၂၀၂၆ ခုနှစ် အထိ စာချုပ် သက်တမ်းတိုးထားခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာက ပီဒရီကို ယူရို ၁ ဘီလီယံ တန်ကြေး ရှိတဲ့ လျော်ကြေးကို စာချုပ်မှာ ထည့်သွင်းကာ စာချုပ် သက်တမ်းတိုးထားခဲ့တာ ဖြစ်ပြီးတော့ လက်ရှိ မှာတော့ ၂၀၃၀ ခုနှစ် အထိ သက်တမ်းတိုး စာချုပ် ထပ်မံ ချုပ်ဆိုခဲ့တာလည်း ဖြစ်ပါတယ်။
ပီဒရီဟာ အသက်အရွယ်အားဖြင့် ငယ်ရွယ်သေးပေမယ့်လည်း လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် ကစားသမားတွေထဲက တစ်ဦး အဖြစ် သတ်မှတ်ခံထားရသူပါ။ ဒါကြောင့် ဒီကစားသမားလေးကို ခေါ်ယူလိုတဲ့ ထိပ်တန်း ကလပ်ပေါင်း များစွာ ရှိနေပြီး ဒီအခြေအနေကို ဘာစီလိုနာ ဘက်က လက်ဦးမှု ရယူကာ သက်တမ်းတိုး စာချုပ်ချုပ်ဆိုပြီး ထိန်းသိမ်းခဲ့တာလည်း ဖြစ်ပါတယ်။ နည်းပြ ဖြစ်သူ ဟန်ဆီ ဖလစ်ခ် ကလည်း ပီဒရီက သူ့ရဲ့ အသင်း အတွက် အရေးပါသူ ဖြစ်ကြောင်း သတ်မှတ်ထားပါတယ်။ ဒါ့အပြင် ဟန်ဆီ ဖလစ်ခ်က ပီဒရီရဲ့ ပွဲကစားချိန်ကို စီမံခန့်ခွဲရာမှာ ကလပ်ရဲ့ ချဉ်းကပ်ပုံ ပြောင်းလဲမှုက အကျိုးရှိခဲ့ကြောင်း အခုလိုပဲ ရှင်းပြခဲ့ပါတယ်။
ဖလစ်ခ်က “ဒီရာသီမှာ ပီဒရီနဲ့ ပတ်သတ်လို့ ကျွန်တော်တို့ရဲ့ အယူအဆ နည်းနည်း ပြောင်းလဲခဲ့ပါတယ်။ ကျွန်တော်တို့ သူ့ကို ဆက်ကစားစေခဲ့ပါတယ်။ ဘာလို့လဲ ဆိုတော့ ဒါက ကျွန်တော်တို့ အသင်းရဲ့ ကြံ့ခိုင်မှု၊ အတွေးအမြင်နဲ့ ကြံ့ခိုင်မှုနဲ့ ပတ်သတ်တဲ့ ကျွန်တော်တို့ရဲ့ အတွေးအမြင်တွေကို ပိုကောင်းစေလို့ပါ။ ဒါကြောင့် ပွဲစကတည်းက သူ့ရဲ့ ပွဲကစားတဲ့ အချိန်တွေကို ကျွန်တော်တို့ မထိန်းချုပ်တော့ပါဘူး။ တစ်ခါတစ်လေမှာ ပွဲပြီးတဲ့ အချိန်ထိ ကစားခိုင်းခဲ့ပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။
ပီဒရီကို ခေါ်ယူဖို့ အတွက် ဆော်ဒီပရိုလိဂ် ကလပ် များစွာက ပစ်မှတ်ထားခဲ့ကြပြီးတော့ ပြောင်းရွှေ့ကြေး ယူရို သန်း ၃၅၀နဲ့ ကမ်းလှမ်းဖို့တောင် စီစဉ်ခဲ့ကြောင်းလည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ပီဒရီ ကတော့ လာလီဂါ ကလပ် ဘာစီလိုနာ မှာပဲ ကာလရှည်ကြာ ဆက်ရှိနေဖို့ လိုလားပြီး ဆုဖလား အောင်မြင်မှု များစွာ ရယူသွားလိုကြောင်းလည်း စာချုပ်သစ်မှာ လက်မှတ်ထိုး အပြီး ပြောကြားခဲ့ပါတယ်။
ပီဒရီဟာ ဒဏ်ရာ ပြဿနာတွေကြောင့် ပြီးခဲ့တဲ့ ၃ ရာသီ အတွင်း တော်တော်လေး ရုန်းကန်ခဲ့ရပေမယ့် လက်ရှိမှာတော့ ပုံစံကောင်း တစ်ခုနဲ့ အတူ လာလီဂါ ကလပ် အတွက် ကစားပေးနိုင်ပြီလည်း ဖြစ်ပါတယ်။ ပီဒရီဟာ ဒီရာသီ ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံမှာ ၃၂ ပွဲ အထိ ပါဝင် ကစားထားပြီးတော့ ၄ ဂိုးသွင်း၊ ၄ ဂိုး ဖန်တီးကာ အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် အဓိကကျသူလည်း ဖြစ်နေပါတယ်။ ပီဒရီက ဘာစီလိုနာ အတွက် ပွဲပေါင်း ၂၀၀ ပြည့်မြောက်ဖို့ နီးစပ်နေပြီးတော့ စပိန် လက်ရွေးစင် အသင်း အတွက်တော့ ပွဲပေါင်း ၃၀ ကစားကာ ယူရို ချန်ပီယံဆုလည်း ရရှိထားပြီး ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.