နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ကမ္ဘာ့ ဝင်ငွေ အကောင်းဆုံး ကလပ် စာရင်းရဲ့ ထိပ်ဆုံး နေရာမှာ နှစ်ရာသီ ဆက်တိုက် ရပ်တည်နိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ် | လာလီဂါ

လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် ကတော့ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီရဲ့ ကမ္ဘာတစ်ဝှမ်း ဝင်ငွေ အကောင်းဆုံး စာရင်းမှာ ထိပ်ဆုံး ကနေ ရပ်တည်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ် ဝင်ငွေ ယူရို တစ်ဘီလီယံ ရရှိတဲ့ ပထမဦးဆုံး ကလပ် အဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။ 

နာမည်ကျော် ကမ္ဘာ့ထိပ်တန်း စာရင်းအင်း ကုမ္ပဏီ ဖြစ်တဲ့ လန်ဒန်အခြေစိုက် Deloitte ကုမ္ပဏီက ဘဏ္ဍာရေး အစီရင်ခံစာကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒီကုမ္ပဏီက Deloitte Football Money League အစီရင်ခံစာ ဆိုပြီး ၁၉၉၆-၁၉၉၇ ဘောလုံး ရာသီ ကနေ စပြီး နှစ်စဉ် ထုတ်ပြန်ပေးနေတာလည်း ဖြစ်ပါတယ်။

၂၀၂၃-၂၀၂၄ ဘောလုံး ရာသီမှာ လာလီဂါ၊ ချန်ပီယံလိဂ်နဲ့ စပိန် စူပါဖလား တို့ကို ဆွတ်ခူး ရရှိခဲ့တဲ့ ရီးရဲလ်မက်ဒရစ်က ဝင်ငွေ စုစုပေါင်း ယူရို ၁.၀၄၆ ဘီလီယံနဲ့ ထိပ်ဆုံး နေရာမှာ ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ကွင်းဝင်ကြေး ကနေ ယူရို ၂၄၈ သန်း၊ ရုပ်သံထုတ်လွှင့်ခွင့် ကနေ ယူရို ၃၁၆ သန်းနဲ့ တခြားသော စီးပွားရေး စာချုပ်တွေ ကနေတော့ ယူရို ၄၈၂ သန်း အထိ ရရှိခဲ့တယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဒီစာရင်းရဲ့ ထိပ်ဆုံး နေရာမှာ ၂ ရာသီ ဆက်တိုက် ရပ်တည်နိုင်ခဲ့တာ ဖြစ်ပြီး စုစုပေါင်း ၁၄ ကြိမ် အထိ ရပ်တည်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

နောက်ထပ် လာလီဂါ ထိပ်သီး ကလပ် တစ်ခု ဖြစ်တဲ့ ဘာစီလိုနာ ကတော့ ငွေကြေး ပြဿနာတွေ ရင်ဆိုင်နေရခြင်းနဲ့ အတူ ယူရို သန်း ၇၆၀ နဲ့ ယခင် အဆင့် ၄ နေရာ ကနေ‌ ၆ ကို ကျဆင်းသွားခဲ့ပါတယ်။
ဝင်ငွေ တစ်ဘီလီယံ အထိ ရရှိထားတဲ့ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်

ဒုတိယနေရာ မှာတော့ ပရီးမီးယားလိဂ် ၄ နှစ်ဆက် ချန်ပီယံ မန်စီးတီးက ယူရို ၈၃၈ သန်းနဲ့ ရှိနေပြီး တတိယ နေရာ မှာတော့ ပီအက်စ်ဂျီက ယူရို ၈၀၆ သန်းနဲ့ အရင်နှစ်တွေ အတိုင်း အစဉ်လိုက် ရပ်တည်နိုင်ခဲ့ပါတယ်။ မန်ချက်စတာစီးတီးရဲ့ မြို့ခံ ပြိုင်ဘက် ယူနိုက်တက်က ယူရို ၇၇၁ သန်းနဲ့ အဆင့် ၅ နေရာ ကနေ ၄ နေရာကို တက်လှမ်းနိုင်ခဲ့သလို ဘေယန်မြူးနစ်က ယူရို ၇၆၅ သန်းနဲ့ အဆင့် ၆ ကနေ ၅ ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ နောက်ထပ် လာလီဂါ ထိပ်သီး ကလပ် တစ်ခု ဖြစ်တဲ့ ဘာစီလိုနာ ကတော့ ငွေကြေး ပြဿနာတွေ ရင်ဆိုင်နေရခြင်းနဲ့ အတူ ယူရို သန်း ၇၆၀ နဲ့ ယခင် အဆင့် ၄ နေရာ ကနေ‌ ၆ ကို ကျဆင်းသွားခဲ့ပါတယ်။

ဒီအသင်းတွေရဲ့ နောက်မှာတော့ အာဆင်နယ်က ယူရို ၇၁၇ သန်းနဲ့ အဆင့် ၁၀ ကနေ ၇ ကို ရောက်လာပြီး လစ်ဗာပူးလ် ကတော့ ယူရို ၇၁၅ သန်းနဲ့ အဆင့် ၇ ကနေ‌ ၈၊ စပါး ကတော့ ယူရို ၆၁၅ သန်းနဲ့ အဆင့် ၈ ကနေ ၉ ချဲလ်ဆီးက ယူရို ၅၄၆ သန်းနဲ့ အဆင့် ၉ ကနေ ၁၀ ကို ကျဆင်းသွားခဲ့ပါတယ်။

ဒါကြောင့် ထိပ်ဆုံး ကလပ် အသင်း ၂၀ ရဲ့ ဝင်ငွေ စုစုပေါင်းကို တွက်ချက်လိုက်ရင်တော့ ယူရို ၁၁.၂ ဘီလီယံ ရှိနေပြီး ယခင် ၂၀၂၂-၂၀၂၃ ဘောလုံး ရာသီ ကထက် ၆ ရာခိုင်နှုန်း မြင့်တက်လာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်