ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး ကတော့ ဒီရာသီမှာ ရလဒ်တွေ ဆိုးရွားခဲ့တာကြောင့် ဆုဖလားတွေနဲ့ လွဲချော်ဖို့ များနေပြီလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တိုက်စစ်မှူး အာလင်း ဟာလန်း ကတော့ ဒီရာသီမှာ ရလဒ်တွေ ဆိုးရွားခဲ့တာက သူနဲ့ သူ့ရဲ့ အသင်းဖော်တွေကို ပိုပြီး ဆာလောင်သွားစေတယ်လို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။
မန်စီးတီးဟာ ၂၀၂၄ ခုနှစ် နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ တောက်လျောက် ရုန်းကန်ခဲ့ရပြီးတော့ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၁၂ ပွဲမှာ ၈ ပွဲ အထိ ရှုံးနိမ့်ခဲ့ကာ နိုင်ပွဲ ၂ ပွဲသာ ရခဲ့ပါတယ်။ ဒါကြောင့် မန်စီးတီးဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရသလို ဂိုးပေါက် ပျောက်ခဲ့တဲ့ အာလင်း ဟာလန်း ကလည်း ဝေဖန်ခံခဲ့ရပါတယ်။
လက်ရှိမှာ မန်စီးတီးက ရလဒ်တွေ ပြန်ကောင်းနေပြီး ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲဆက် ရှုံးပွဲ မရှိအောင် ကစားထားနိုင်ပေမယ့် ပြီးခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ ပွဲမှာတော့ သရေကျထားပါတယ်။ မန်စီးတီးဟာ ဘရန့်ဖို့ဒ်ကို ဖိုဒန်ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲပြီးခါနီး ပြန်ပေးခဲ့ရတဲ့ ၂ ဂိုးကြောင့် နိုင်ပွဲ ပျောက်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် မန်စီးတီးက လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာကို ရောက်ရှိနေပြီး ဇယားထိပ်က လစ်ဗာပူးလ်ထက်လည်း ၁ ပွဲ ပိုကစားထားသလို ၁၂ မှတ်လည်း ပြတ်နေခဲ့ပါတယ်။ အဆင့် ၄ နေရာက နယူးကာဆယ် နဲ့တော့ ၄ မှတ်သာ ကွာဟနေတာကြောင့် မန်စီးတီးတို့ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိဖို့ပဲ မျှော်လင့်ရတော့မယ့် အခြေအနေလည်း ဖြစ်ပါတယ်။
မန်စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်း ကတော့ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ ရလဒ်တွေ ဆိုးရွားခဲ့ခြင်းက သူတို့ကို စိတ်အား တက်ကြွစေပြီးတော့ ပိုပြီး ကြိုးစားချင်အောင် တွန်းအားဖြစ်ခဲ့ကြောင်း ပြောကြားလာတာ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သတ်လို့ ဟာလန်းက “ကျွန်တော် တို့က နိုင်ပွဲတွေနဲ့ အသားကျနေသူတွေ ဖြစ်လို့ ပြီးခဲ့တဲ့ ၂ လက ကျွန်တော်တို့ အတွက် ထူးဆန်းပါတယ်။ ဒါပေမယ့် အဲဒါက ကျွန်တော်တို့ အတွက် ပိုကောင်းစေတယ်လို့ ထင်ပါတယ်။ ရလဒ်တွေ ဆိုးရွားခဲ့တာက ကျွန်တော် တို့ကို ပိုပြီး ကြိုးစားဖို့ တွန်းအားဖြစ်စေပါတယ်။ ဒဏ်ရာ ပြဿနာတွေကြောင့် ကံဆိုးခဲ့ပေမယ့် ဒါကို ဆင်ခြေပေးလို့ မရပါဘူး။ နည်းပြက အရင်ကထက် ပိုဆာလောင်နေပြီး ကျွန်တော်တို့ အားလုံး ကလည်း အောင်မြင်မှု အတွက် ပိုဆာလောင်လာကြပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
နည်းပြ ဖြစ်သူ ဂွါဒီယိုလာ ကတော့ အသင်း ရလဒ်တွေ ဆိုးရွားခဲ့တာက ပြီးခဲ့တဲ့ နွေရာသီမှာ ကစားသမားတွေ မဝယ်ယူခဲ့မိလို့ ဖြစ်ပြီး နောင်တရမိကြောင်းလည်း ဝန်ခံထားပါတယ်။ ဒါကြောင့် မန်စီးတီးက လက်ရှိ ဆောင်းရာသီ အပြောင်းအရွှေ့ မှာတော့ ကစားသမား ခေါ်ယူ အားဖြည့်မှုတွေ ပြုလုပ်နေပြီး ခံစစ်ပိုင်း အတွက် အက်ဘ်ဒူကိုဒီရာ ကူဆာနော့ဗ်နဲ့ တိုက်စစ် အတွက် အိုမာ မာမွတ်ရှ် တို့ကို ခေါ်ယူထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် မန်စီးတီးက ကစားသမား တချို့ကို ခေါ်ယူဖို့ ရှိနေသေးပြီး ဆက်လက် လုပ်ဆောင်နေကြောင်းလည်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.