နယူးကာဆယ် – ဘုန်းမောက်
အခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၂၂ ရဲ့ အစောဆုံး ပွဲစဉ် အဖြစ် နယူးကာဆယ်နဲ့ ဘုန်းမောက်တို့ စိန့်ဂျိမ်းစ်ပါ့ခ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ နိုင်ပွဲဆက်နေတဲ့ နယူးကာဆယ် အတွက် ဘုန်းမောက် ကလည်း ခက်ခဲတဲ့ ပြိုင်ဘက် ဖြစ်လာနိုင်လို့ စိတ်ဝင်စားစရာ ပွဲကောင်း တစ်ပွဲ ဖြစ်လာဦးမှာ သေချာပါတယ်။
နယူးကာဆယ်က ပြိုင်ပွဲစုံ နောက်ဆုံး ၉ ပွဲဆက် အနိုင်ရထားပြီးတော့ ပရီးမီးယားလိဂ် မှာတော့ ၆ ပွဲဆက် အနိုင်ရကာ အမှတ်ပေးဇယား အဆင့် ၄ နေရာ အထိ ရောက်လာပါတယ်။ နယူးကာဆယ်ဟာ ယူနိုက်တက်၊ စပါး၊ အာဆင်နယ်၊ ဗီလာ တို့လို ပြိုင်ဘက်ကောင်းတွေ ကိုရော အသင်းငယ်တွေ ကိုပါ အနိုင်ယူထားပြီး လက်ရှိမှာ အမြင့်ဆုံး စိတ်ဓာတ် အကောင်းဆုံး ခြေစွမ်း ရရှိထားတဲ့ အသင်း ဖြစ်ပါတယ်။ အက်ဒီဟောင်းဝ်ရဲ့ အသင်းက ရာသီအစမှာ ရုန်းကန်ခဲ့ရပေမယ့် တစ်ပွဲထက် တစ်ပွဲ ခြေစွမ်းမှန်လာပြီး ရလဒ်ကောင်းတွေ ရယူနေတာ အားရစရာပါ။ ကြံ့ခိုင်မှု ကောင်းတဲ့ ကစားသမားတွေ အပြင် ဂိုးသွင်းသေချာတဲ့ အလက်ဇန္တား အိဆက်ခ်လို တိုက်စစ်မှူးမျိုးကို ပိုင်ဆိုင်ထားတဲ့ ငှက်ကြားတွေ အနေနဲ့ ဒီပွဲမှာလည်း ပုံစံကောင်း တစ်ခုနဲ့ မြင်တွေ့ရဖို့ သေချာနေပါတယ်။
အိုင်ရာ အိုလာရဲ့ ဘုန်းမောက် ကလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလကုန် ကတည်းက ရှုံးပွဲ မရှိတော့တာ ဖြစ်ပြီး ရရင် ရသလို အမှတ်ယူတတ်တဲ့ အသင်း ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် မှာ နောက်ဆုံး ၉ ပွဲဆက် ရှုံးပွဲ မရှိသလို ၅ ပွဲနိုင်၊ ၄ ပွဲ သရေ ကစားကာ ယူနိုက်တက်၊ စပါး တို့လို အသင်းတွေ ကိုတောင် အနိုင်ယူပြထားပါတယ်။ ဘုန်းမောက်က နောက်ပိုင်း နှစ်တွေမှာ အသင်းကြီးတွေနဲ့ တွေ့ရင် ရှိန်မနေပဲ ကောင်းကောင်းကြီး ဒုက္ခပေးတတ်တဲ့ အသင်း ဖြစ်လို့ နယူးကာဆယ်တို့ ပေါ့ဆရင် မှားသွားပါလိမ့်မယ်။
နှစ်ဖက်အသင်း သတင်းများ
အခုပွဲကိုတော့ နယူးကာဆယ် ဘက်က ဝီလ်ဆင်၊ ဘန်းစ်၊ လက်ဆဲလက်စ်နဲ့ ပုပ်တို့ လွဲချော်ဖို့ ရှိနေပါတယ်။
ဘုန်းမောက် မှာတော့ စမစ်၊ စကော့တ်၊ အူနဲလ်၊ ဟေးလ်၊ အာရူဟို၊ ဆင်နီစတာရာ၊ ဆီနက်ဆီ၊ တာဗာနီယာ တို့ လွဲချော်မှာ ဖြစ်သလို အားထားရတဲ့ တိုက်စစ်မှူး အီဗန်နီလ်ဆင် ကလည်း ခြေချောင်းကျိုးထားလို့ ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။
ဖြစ်နိုင်ဖွယ် လူစာရင်း
နယူးကာဆယ် – ဒူဗရက်ဗ်ကာ၊ လစ်ဗရာမန်တို၊ ဘော့တ်မန်း၊ ရှား၊ ဟောလ်၊ ဂီမာရေးစ်၊ တိုနာလီ၊ ဂျိုးလင်တန်၊ မာဖီ၊ ဂေါ်ဒွန်၊ အိဆက်ခ်
ဘုန်းမောက် – ကီပါ၊ ကွတ်ခ်၊ ဇဘာညီ၊ ဟိုင်ဆန်၊ ကာကက်ဇ်၊ ခရစ္စတီ၊ အဒမ်စ်၊ ဘရွတ်ခ်၊ ကလွိုင်ဗက်၊ ဆီမီညို၊ အော့တာရာ
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ၁၄ ကြိမ် တွေ့ဆုံရာမှာ နယူးကာဆယ်က ၅ ပွဲနိုင်၊ ဘုန်းမောက်က ၃ ပွဲ နိုင်ပြီး ၆ ပွဲ သရေကျထားပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲ တွေ့ဆုံမှု မှာတော့ ၄ ပွဲ သရေကျပြီး ဘုန်းမောက်က ၁ ပွဲနိုင်ထားပါတယ်။ စိန့်ဂျိမ်းစ်ပါ့ခ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာတော့ နယူးကာဆယ်က ၂ ကြိမ်နိုင်၊ ဘုန်းမောက်က ၁ ကြိမ် နိုင်ပြီး ၂ ကြိမ် သရေကျထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ နယူးကာဆယ် နိုင်ရင် ၁.၆၄ ဆ၊ ဘုန်းမောက် နိုင်ရင်တော့ ၄.၃၉ ဆ၊ သရေ ဆိုရင်တော့ ၃.၈၀ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ နယူးကာဆယ်က သရေ အရှုံး၊ တစ်လုံး တစ်ဝက်စား၊ ၁ လုံး သရေကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကလည်း ၃ လုံး သွင်းမှ စတင် ပျော်ရွှင်ရမယ့်ကြေးမျိုးပါ။ လက်ရှိမှာ နယူးကာဆယ်က အဘက်ဘက်မှာ အကောင်းဆုံး ပုံစံ ရနေပြီးတော့ အကြိုက်လည်း တွေ့မိပါတယ်။ ဒါပေမယ့် အမှတ်ရရင် ရသလို ယူတတ်တဲ့ ဘုန်းမောက်ကိုလည်း လျှော့တွက်လို့တော့ မရပါဘူး။ အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရပါလိမ့်မယ်။ အနိုင်ဆိုရင် နယူးကာဆယ် ဘက်မှာပဲ ရပ်တည်ထားသင့်ပါတယ်။
ခန့်မှန်းရလဒ်
နယူးကာဆယ် ၂-၁ ဘုန်းမောက်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.