နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယူနိုက်တက် ပွဲကြပ်နေပြီး ကျန် ပရီးမီးယားလိဂ် အသင်းကြီး အများစု ပွဲချောင်နေတဲ့ အက်ဖ်အေဖလား တတိယအဆင့်

အက်ဖ်အေဖလား တတိယအဆင့် အတွက် မဲခွဲပွဲ ရလဒ်တွေ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ မဲခွဲပွဲ ရလဒ်တွေ အရ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ် တော်တော်များများ ပွဲချောင်နေပေမယ့် မန်ချက်စတာယူနိုက်တက် ကတော့ ဘရိုက်တန်နဲ့ အိမ်ကွင်းမှာ ပွဲကြပ် ရင်ဆိုင်ရဖို့ ရှိနေခဲ့ပါတယ်။

အသင်းကြီးတွေ ဖြစ်တဲ့ အာဆင်နယ်က ပို့စ်မောက်ကို အဝေးကွင်း၊ နော့တင်ဟမ်ဖောရက်စ်က ရက်စ်ဟမ်းကို အဝေးကွင်း၊ မန်စီးတီးက အက်စတာစီးတီးကို အိမ်ကွင်း၊ ချဲလ်ဆီးက ချာလ်တန်ကို အဝေးကွင်း၊ လစ်ဗာပူးလ်က ဘန်စလေကို အိမ်ကွင်းမှာ ကစားကြရမှာ ဖြစ်ပြီး တော်တော်လေး ပွဲချောင်နေတာပါ။ ယူနိုက်တက် ကတော့ နည်းပြဟောင်း အဲရစ်ခ် တန်ဟက်ဂ် လက်ထက် ၂၀၂၃ ခုနှစ်မှာ အက်ဖ်အေဖလား ချန်ပီယံ ဖြစ်ခဲ့ပြီးနောက် အမော်ရင် အနေနဲ့လည်း ယူနိုက်တက် နည်းပြဘ၀ ပထမဦးဆုံး ဆုဖလား အောင်မြင်မှု အဖြစ် ဒီလို ရှုံးထွက်ပြိုင်ပွဲတွေမှာ ချန်ပီယံဆု ဆွတ်ခူးနိုင်အောင် ကြိုးစားရမှာပါ။ 

ဒါ့အပြင် ယူနိုက်တက်ဟာ ဒီရာသီမှာ ဥရောပ ပြိုင်ပွဲ တစ်ခုမှ ကစားခွင့် မရပဲ ခရာဘောင်ဖလား ပြိုင်ပွဲ မှာလည်း တတိယအဆင့်မှာ လိဂ်တူး ကလပ် ဂရင်းစ်ဘီတောင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲ ကနေ စောစောစီးစီး ထွက်ခဲ့ရပါတယ်။ ယူနိုက်တက် အတွက် ဒီရာသီ ဆုဖလား မျှော်လင့်ချက် ဆိုလို အက်ဖ်အေဖလား ကျန်ရှိတော့ပေမယ့် တတိယအဆင့် မှာပဲ ဘရိုက်တန်နဲ့ ပွဲကြပ် ကစားရမှာ ဖြစ်လို့ ခက်ခဲဦးမှာ ဖြစ်ပါတယ်။ 

ယူနိုက်တက်နဲ့ ဘရိုက်တန် တို့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် အိုးလ်ထရက်ဖိုဒ်မှာ ကစားခဲ့ပြီး ယူနိုက်တက်က ၄-၂ ရလဒ်နဲ့ ခက်ခက်ခဲခဲ အနိုင်ရခဲ့ပါတယ်။ အဲဒီပွဲမှာ ယူနိုက်တက်တို့ အနိုင်ရခဲ့ပေမဲ့လည်း ဘရိုက်တန်နဲ့ တွေ့ဆုံမှု နောက်ဆုံး ၉ ကြိမ်မှာ ယူနိုက်တက်တို့ ၆ ကြိမ် အထိ ရှုံးနိမ့်ခဲ့ပါတယ်။ 

အက်ဖ်အေဖလားရဲ့ အအောင်မြင်ဆုံး အသင်း အာဆင်နယ် ကတော့ တစ်ချိန်က ချန်ပီယံဟောင်း ပို့စ်မောက်နဲ့ အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ပို့စ်မောက်နဲ့ တွေ့ဆုံနေတဲ့ အက်ဖ်အေဖလားရဲ့ အအောင်မြင်ဆုံး အသင်း အာဆင်နယ်

အက်ဖ်အေဖလား တတိယအဆင့်မှာ ပရီးမီးယားလိဂ် ကလပ် အချင်းချင်း တွေ့ဆုံတဲ့ ပွဲစဉ် ၄ ပွဲ ပါဝင်ခဲ့ပြီး ယူနိုက်တက်နဲ့ ဘရိုက်တန်ပွဲ အပြင် တော့တင်ဟမ်ဟော့စပါးနဲ့ အက်စတွန်ဗီလာ၊ နယူးကာဆယ်နဲ့ ဘုန်းမောက်၊ အဲဗာတန်နဲ့ ဆန်းဒါးလန်းတို့ ကစားရမှာပါ။ အသင်းရဲ့ သမိုင်းတလျှောက် ပထမဦးဆုံး အကြိမ် အဖြစ် မနှစ်က အက်ဖ်အေဖလား ချန်ပီယံ ခရစ္စတယ်ပဲလေ့စ် ကတော့ နေရှင်နယ်လိဂ် ကလပ် မက္ကလက်ဖီးနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ မန်စီးတီး ကလည်း လိဂ်ဝမ်း ကလပ် အက်စ်တာစီးတီးကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာပါ။ 

အက်ဖ်အေဖလားရဲ့ အအောင်မြင်ဆုံး အသင်း အာဆင်နယ် ကတော့ တစ်ချိန်က ချန်ပီယံဟောင်း ပို့စ်မောက်နဲ့ အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ လစ်ဗာပူးလ် ကတော့ လိဂ်ဝမ်း ကလပ် ဘန်စလေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ချဲလ်ဆီး ကတော့ လန်ဒန် မြိုခံ ပြိုင်ဘက် ချန်ပီယံရှစ် အသင်းငယ်လေး ချာလ်တန်နဲ့ အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ 

တခြားသော ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ ဖူလ်ဟမ်က မစ်ဒယ်ဘရော့၊ ဝက်စ်ဟမ်းက ကျူပီအာ၊ ဝုဗ်က ရှရူးစ်ဘာရီတောင်း၊ ဘန်လေက မီဝေါလ်၊ လိဒ်စ်က ဒါဘီကောင်တီ တို့နဲ့ အသီးသီး ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ယူနိုက်တက်ကို ခရာဘောင်ဖလားမှာ ကျော်ဖြတ်ခဲ့တဲ့ ဂရင်းစ်ဘီတောင်း အသင်း ကလည်း ဝက်စတန် စူပါမာရီနဲ့ ကစားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်